Refund Policy
နောက်ဆုံးပြင်ဆင်ခဲ့သည့်ရက်စွဲ — 27 September 2026
Online Course
Course register/ဝယ်ယူပြီး ရက်ပေါင်း ၇ ရက်အတွင်း Course content ၏ ၂၀% အောက် ကြည့်ရှုထားပါက (Video access မတိုင်ခင်/စကြည့်ခါစသာ) Full Refund တောင်းဆိုနိုင်ပါတယ်။ ၇ ရက်ကျော်သွားပြီး (သို့) Content ၂၀% ကျော် ကြည့်ရှုပြီးပါက Refund ပေးနိုင်တော့မည် မဟုတ်ပါ။
Live Class (လူကိုယ်တိုင် တက်ရသော သင်တန်း)
Live Class များအတွက် စာရင်းသွင်းပြီးနောက် သင်တန်းကြေး ပြန်အမ်းခြင်း မရှိပါ (Non-Refundable)။ သို့သော် မတက်နိုင်တော့ပါက နောက်အတန်းသို့ ရွှေ့ခြင်း (သို့)အခြားတစ်ဦးကို လွှဲပြောင်းခြင်း ၂ မျိုး ရှိပါတယ် — အောက်မှာ အသေးစိတ် ကြည့်ပါ။
⚠️ Emergency / ကျန်းမာရေး ကိစ္စများအတွက် BVM Team နှင့် တိုက်ရိုက် ဆွေးနွေးနိုင်ပါတယ်။
၁၀၀% ကျေနပ်မှု အာမခံ — သင်တန်းရက် အားလုံး တက်ရောက်ပြီး ကိုယ်ပိုင် AI Chat မဆောက်နိုင်ခဲ့ပါက သင်တန်းကြေး အပြည့် ပြန်အမ်းပါတယ်။ ဒါက အထက်ပါ Non-Refundable စည်းမျဉ်းနှင့် သီးခြားဖြစ်ပါတယ်။
အတန်းပြောင်းခြင်း (Class Transfer)
သင်တန်းကြေး ကြိုတင် ပေးသွင်းပြီးသား ကျောင်းသားများသာ လျှောက်ထားနိုင်ပြီး၊ နောက်တစ်ကြိမ် ဖွင့်မည့် သင်တန်း ရှိမှသာ ဆောင်ရွက်နိုင်ပါတယ်။
| ဘယ်အချိန် လျှောက်လဲ | အတန်းပြောင်းခ |
|---|---|
| အတန်းစမည့်ရက်ထက် ၇ ရက်ထက် စောပြီး | အခမဲ့ |
| အတန်းစမည့်ရက် ၇ ရက်အတွင်း | သင်တန်းကြေး၏ ၁၀% |
- နောက်သင်တန်းတွင် နေရာလွတ် ရှိမှသာ အတည်ပြုပါမယ်။
- နောက်သင်တန်းတွင် သင်တန်းကြေး တိုး/လျှော့ ရှိပါက အသစ်သတ်မှတ်ထားသော ကြေးအလိုက် ကွာသည့် ပမာဏကို ထပ်ဆောင်ပေးရပါမယ်။
- ပေးပြီးသား အတန်းပြောင်းခကို မည်သည့်အခြေအနေမျှ ပြန်အမ်းမပေးပါ။
- အတန်းပြောင်းခြင်းကို အများဆုံး ၂ ကြိမ်ထိသာ လက်ခံပါတယ်။
- ၂ ကြိမ် ကျော်ပြီးနောက် ထပ်တက်လိုပါက သင်တန်းကြေး၏ ၅၀% ထပ်သွင်းပြီးမှသာ တက်ရောက်နိုင်ပါမယ်။
လူပြောင်းခြင်း (Person Change)
စာရင်းသွင်းထားသူ မတက်နိုင်တော့ပါက အခြားတစ်ဦးအား လွှဲပြောင်းပေးနိုင်ပါတယ် — နေရာ (Seat) မပျက်ပါ။
လူပြောင်းခ — သင်တန်းကြေး၏ ၃% (အတန်းစမည့်ရက်နှင့် မသက်ဆိုင်ဘဲ အမြဲ တူညီပါတယ်)。
ရွှေ့လိုပါက / လွှဲလိုပါက ရုံးကို ကြိုတင် ဆက်သွယ်ပါ — အတည်ပြုပြီးမှသာ အကျုံးဝင်ပါမယ်။
Corporate Training / Consulting
Corporate Training နှင့် 1:1 Consulting Package များအတွက် Refund/Cancellation စည်းမျဉ်းကို Contract/Agreement အပေါ်မူတည်ပြီး သီးခြား သတ်မှတ်ပါတယ် — Sign လက်မှတ်ရေးထိုးခြင်းမပြုမီ BVM Sales Team နှင့် သေချာ ဆွေးနွေးအတည်ပြုပါ။
ငွေပြန်အမ်းနည်းလမ်း
Refund တောင်းဆိုလိုပါက အောက်ပါ Channel များမှတစ်ဆင့် ဆက်သွယ်ပါ — ငွေပေးချေမှု Proof (Payment slip/Receipt) ပါရှိရင် ပိုမြန်ဆန်ပါမယ်။ Refund process ကို ၇ ရုံးဖွင့်ရက် အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးပါမယ်။