အတိုင်ပင်ခံ ဝန်ဆောင်မှု
CEO AI System Setup
သင့်လုပ်ငန်းကို အေအိုင်နဲ့ ဦးဆောင်မယ့် စနစ် တည်ဆောက်ပေးမယ်

Founder, Better Version
နဲ့ အတူ တည်ဆောက်ကြမယ်
၃ ကြိမ်
တစ်ကြိမ် ၉၀ မိနစ်
၆ ပတ်
အတွင်း ပြီးရမယ်
Online
Zoom ဖြင့်
မနက်တိုင်း ဆုံးဖြတ်ချက်အတွက်
အထောက်အပံ့
မနက် ၇:၀၀ · ဆုံးဖြတ်ရန် ၃ ခု
သင် မမေးရပါဘူး။ အလိုအလျောက် ရောက်လာပါမယ်။

စာသင်တာ မဟုတ်ပါ။ သင့်လုပ်ငန်းအတွက် သင်လိုချင်တာတွေ၊ ဖြေရှင်းချင်တာတွေကို သင့်လုပ်ငန်းရဲ့ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ၊ လုပ်ငန်းစဥ်တွေပေါ်မှာ အခြေခံပြီးတော့ အတူတူ ထိုင်ပြီး တည်ဆောက်တာပါ။
အခု ဖြစ်နေတာ
ကိန်းဂဏန်းတွေက Excel၊ Viber၊ ခေါင်းထဲ အနှံ့ ပြန့်နေတယ်။ ဆုံးဖြတ်ရမယ့်အချိန် ရောက်မှ ရှာ၊ မေး၊ စောင့် — ပြီးတော့ စိတ်မှန်းနဲ့ ဆုံးဖြတ်လိုက်ရတယ်။
သင် ထိုင်မေးစရာ မလိုဘဲ အရေးကြီး ဆုံးဖြတ်ချက်တွေအတွက် အထောက်အကူတွေ ရောက်လာမယ်။ မေးလိုက်ရင်လည်း ကိုယ်တိုင် ဆိုင်မှာရှိနေသလို အချက်အလက် အစစ်တွေနဲ့ သိချင်တာတွေ သိနေရမယ်။
ဒါ AI သုံးနည်း သင်တန်း မဟုတ်ပါ။ CEO AI System Setup က သင့်လုပ်ငန်းအတွက် စနစ် တည်ဆောက်ပေးတာပါ။
ပြီးသွားရင် သင့်အတွက် တည်ဆောက်ပြီးသား
01
အလိုအလျောက် စနစ်
နေ့စဥ် ရှုပ်ထွေးနေတဲ့ အလုပ်တွေ၊ တကယ် အရေးကြီးတဲ့ အလုပ်တွေကို အလိုအလျောက် ဖြစ်လာအောင် တည်ဆောက်ပေးပါတယ်။
• ပြိုင်ဘက် စောင့်ကြည့်မှု
• အရောင်း အစီရင်ခံစာ
• နေ့စဥ် ဘဏ္ဍာရေး အခြေအနေ
02
Partner / BOD ကို ပြလို့ရတဲ့ စာမျက်နှာ
ကိုယ့်ပါတနာတွေ၊ စီမံခန့်ခွဲရေးက လူတွေပါ နားလည်လွယ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ကိုယ်တိုင် ဦးဆောင်လာနိုင်မယ်။
03
Exclusive Benefits
လာမယ့် Better Version Live Session တွေကို အခမဲ့ သို့မဟုတ် Special Offer နဲ့ ပြန်လည် တက်ရောက်ခွင့် ရမယ်။
ပြီးသွားရင် သင့်လက်ထဲမှာ
အရာ ၆ ခု — အကုန် သင့်ပိုင်
၀၁
ကုမ္ပဏီ ဦးနှောက်
ဈေးနှုန်း၊ ကုန်ကျစရိတ်၊ ဝန်ထမ်း၊ customer၊ မူဝါဒ၊ ရှေ့က ဆုံးဖြတ်ချက်တွေ ထည့်ထားပြီး။ မေးတိုင်း သင့်ကုမ္ပဏီအကြောင်း သိနေတယ် — ယေဘုယျ အဖြေ မဟုတ်ဘူး။
၀၂
မနက်တိုင်း ဆုံးဖြတ်ချက်အတွက် အထောက်အပံ့
အစီရင်ခံစာ မဟုတ်ပါ — ဒီနေ့ ဆုံးဖြတ်ရမယ့် ၃ ခု၊ ရွေးစရာနှင့် ကိန်းဂဏန်းအတူ။ သင် မမေးရပါဘူး။ အလိုအလျောက် ရောက်လာပါမယ်။
၀၃
ဆုံးဖြတ်ချက် မေးခွန်း ၁၀ ခု
သင့်ကိန်းဂဏန်းအစစ်တွေနဲ့ တွဲထားပြီးသား — ဈေးတင်သင့်လား · ဝန်ထမ်းထပ်ခန့်သင့်လား · ဒီ deal တန်လား · ဘယ် customer ကို လွှတ်သင့်လဲ
၀၄
အလိုအလျောက် အလုပ် ၃ ခု
ရောင်းအား အကျဉ်းချုပ် · ပိုက်ဆံမပေးသူ သတိပေး · customer စာပြန် မူကြမ်း · အစည်းအဝေး မှတ်တမ်း · ပြိုင်ဘက် စောင့်ကြည့် — သင့်အတွက် အသင့်တော်ဆုံး ၃ ခု ရွေးပါမယ်။
၀၅
လုပ်ဖော်ကိုင်ဖက်ကို ပြလို့ရတဲ့ စာမျက်နှာ
Partner၊ ဘုတ်အဖွဲ့၊ ဘဏ်ကို ပြလို့ရတဲ့ ဆုံးဖြတ်ချက် တစ်မျက်နှာစာ — သင့်ကိန်းဂဏန်းအစစ်တွေနဲ့။
၀၆
၃၀ ရက် ပံ့ပိုးမှု
Messenger သို့မဟုတ် ဖုန်းကနေ ၃၀ ရက် မေးမြန်းနိုင်ပါတယ် — ပြီးတော့ ရက် ၃၀ မြောက်မှာ ၃၀ မိနစ် ဖုန်း ၁ ကြိမ်။ တကယ် သုံးဖြစ်မဖြစ် ပြန်စစ်ပါတယ်။
ဘယ်လို လုပ်မလဲ
ရှာဖွေခြင်း
၉၀ မိနစ်
သင် ဘယ်လို အလုပ်လုပ်နေလဲ၊ ဘာ software သုံးလဲ၊ ကိန်းဂဏန်းတွေ ဘယ်မှာလဲ၊ ဘာက အခက်အခဲဆုံးလဲ — အကုန် နားထောင်ပြီး အဖြေရှာပါမယ်။
တည်ဆောက်ခြင်း
၉၀ မိနစ် · ၁ ပတ်အကြာ
Zoom မှာ မျက်နှာပြင် မျှဝေပြီး သင့်စက်ထဲမှာ တစ်ဆင့်ချင်း လမ်းညွှန်ပေးပါတယ်။ ပြီးသွားရင် သင့်အကောင့်ထဲမှာ အလုပ်လုပ်နေပါပြီ — ကျွန်တော့်အကောင့်မှာ မဟုတ်ပါ။
ပြန်စစ်ခြင်း
၉၀ မိနစ် · ၂ ပတ်အကြာ
သုံးကြည့်ပြီးမှ ပြန်တွေ့ပါတယ်။ ဘာ အဆင်မပြေလဲ၊ ဘာ ပိုလိုလဲ — ပြင်ပေးပါမယ်။ ဒီအဆင့်က အရေးအကြီးဆုံးပါ။
အစည်းအဝေးတိုင်း ပြီးတိုင်း — မှတ်တမ်းနှင့် လုပ်ရန်စာရင်း
ဘာတွေ ပြောဖြစ်ခဲ့လဲ၊ ဘာ ဆုံးဖြတ်လိုက်လဲ၊ နောက်တစ်ကြိမ် မတိုင်ခင် ဘာလုပ်ထားရမလဲ — သင့်အကောင့်ထဲ ရောက်နေပါမယ်။ မှတ်စရာ မလိုပါဘူး။
အစည်းအဝေးများကို ၆ ပတ်အတွင်း ပြီးအောင် ချိန်းရပါမယ် — ရွှေ့နေရင် ရလဒ် မထွက်ပါဘူး။ Online (Zoom) ဖြစ်ပါတယ်။
ဘယ်သူ့အတွက်လဲ
သင့်တော်ပါတယ်
လုပ်ငန်းရှင် သို့ ဒါရိုက်တာ — ဆုံးဖြတ်ချက် ချတဲ့သူ
ရောင်းအား/ကုန်ကျစရိတ် ကိန်းဂဏန်းတွေ တစ်နေရာရာမှာ ရှိပြီးသား (Excel ပဲဖြစ်ဖြစ် ရပါတယ်)
၆ ပတ်အတွင်း ၃ ကြိမ် အချိန်ပေးနိုင်သူ
မသင့်တော်သေးပါ
AI ကို အစကနေ သင်ချင်သူ — သင်တန်းများ က ပိုသင့်တော်ပါတယ်
ကိန်းဂဏန်း မှတ်တမ်း လုံးဝ မရှိသေးသူ — အရင် ဖုန်းနဲ့ ပြောကြပါစို့
ဝန်ထမ်းအဖွဲ့လိုက် သင်ပေးစေလိုသူ — In-House Training သီးခြား ရှိပါတယ်
ဝန်ဆောင်ခ
ပုံမှန်
၄၀ သိန်း
၉၀ မိနစ် × ၃ ကြိမ် · ၁:၁
ရလဒ် ၆ ခု အပြည့်
၃၀ ရက် ပံ့ပိုးမှု
ဘွတ်ကင်လုပ်ချိန် ၅၀% · ဒုတိယအကြိမ်ပြီးမှ ၅၀%
၂၅ သိန်း
လျှော့ဈေး မဟုတ်ပါ — ကျန် ၁၅ သိန်းကို ဒီ ၃ ချက်နှင့် လဲလှယ်ပါတယ်:
မေးလေ့ရှိသော မေးခွန်းများ
ဝန်ဆောင်ခထဲမှာ ChatGPT အကောင့်ခ ပါပါသလား?
မပါပါဘူး။ ChatGPT Plus (လစဉ် ~$20) နှင့် သုံးမည့် tool များ၏ အခကို သင့်ဘက်မှ ပေးရပါမယ်။ ဤအကောင့်များသည် သင့်ပိုင်ဆိုင်မှု ဖြစ်ပြီး ပြီးသွားသည့်နောက်လည်း သင်ပဲ ဆက်ပိုင်ပါတယ်။
လူချင်းတွေ့လို့ ရပါသလား?
ရပါတယ်။ ပုံမှန်က Online (Zoom) ဖြစ်ပြီး — ရန်ကုန်အတွင်း လူချင်းတွေ့လိုပါက တစ်ကြိမ်လျှင် သိန်း ၃ ထပ်ဆောင်း ကျသင့်ပါမယ်။ ရန်ကုန်ပြင်ပဆိုပါက ခရီးစရိတ်နှင့် တည်းခိုစရိတ် သီးခြား ညှိနှိုင်းရပါမယ်။
ကွန်ပျူတာ ကျွမ်းကျင်ရပါမလား?
မလိုပါဘူး။ ကုဒ် ရေးစရာ မလိုပါ။ Laptop သုံးတတ်ရုံနဲ့ လုံလောက်ပါတယ် (ဖုန်းနဲ့တော့ မရပါ)။
၆ ပတ်အတွင်း မပြီးရင် ဘာဖြစ်မလဲ?
အချိန်ပေးနိုင်မှ ဝယ်ပါ။ ၆ ပတ်က အကြောင်းရှိပါတယ် — ရွှေ့လေ မေ့လေ ဖြစ်ပြီး ရလဒ် မထွက်ပါဘူး။ မဖြစ်မနေ အခြေအနေ ရှိပါက ကြိုတင် အကြောင်းကြားပါ။
သင်တန်းနဲ့ ဘာကွာလဲ?
သင်တန်းက သင်ကြားပေးတာ။ ဒါက သင့်လုပ်ငန်းအတွက် တည်ဆောက်ပေးတာ။ ပြီးသွားရင် ဗီဒီယိုတွေ ပြန်ကြည့်စရာ မလိုဘဲ — အလုပ်လုပ်နေတဲ့ စနစ် ရှိနေပါပြီ။
စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါ
သင့်အခြေအနေ နားထောင်ပြီး — သင့်တော်မှသာ ဆက်ပြောပါမယ်။ ပိုက်ဆံ မပေးရသေးပါဘူး။
Better Version Myanmar
ဖုန်း 09880902558