Level 3 · Live Class

Business System Builder

၂ ရက်အတွင်း ကိုယ့်လုပ်ငန်းရဲ့ System ကို Live တင်မယ်။ ၄ ပတ်အတွင်း ဖုန်းတစ်လုံးထဲက လုပ်ငန်းတစ်ခုလုံးကို မြင်နေရမယ် — Code မတတ်ဘဲ၊ Developer မငှားဘဲ။ မဆောက်နိုင်ရင် သင်တန်းကြေး ၁၀၀% ပြန်အမ်းမယ်။

✓🚀 ၂ ရက်အတွင်း MVP Live✓🛡️ မဆောက်နိုင်ရင် ၁၀၀% ပြန်အမ်း✓👤 လူ ၂၅ ယောက်သာ✓💰 သိန်း ၃၀ · သင်တန်းသားဟောင်း သိန်း ၂၀
★★★★★
5.0 (3 Reviews)
Business System Builder
Upcoming Schedule
Coming Soon — အသစ် Schedule မကြာမီ ကြေညာပါမယ်။

ရုံးမရောက်တဲ့နေ့မှာ ဘာတွေ ဖြစ်နေလဲ မသိရတာ၊ ဝန်ထမ်းတစ်ယောက် ထွက်သွားရင် စာရင်းပါ ပါသွားတာ၊ ငွေဘယ်နားက ယိုနေလဲ လကုန်မှ သိရတာ — ဒါတွေကို အဆုံးသတ်မယ်။ ၂ ရက်အတွင်း ကိုယ့်လုပ်ငန်းရဲ့ System ကို Live တင်ပြီး ဖုန်းတစ်လုံးထဲက လုပ်ငန်းတစ်ခုလုံးကို မြင်နေရမယ် — Code မတတ်ဘဲ၊ Developer မငှားဘဲ။ ဆရာမင်းသန်းထွဋ် ကိုယ်တိုင် AI ကို ခိုင်းပြီး BVM System (ဒီ Website)၊ Pro Niti ERP နဲ့ E-book Sales စနစ်ကို ဆောက်ထားတဲ့ နည်းအတိုင်းပါ။ ⭐️ လူ ၂၅ ယောက်သာ · သိန်း ၃၀ · သင်တန်းသားဟောင်း သိန်း ၂၀ · မဆောက်နိုင်ရင် ၁၀၀% ပြန်အမ်း ⭐️

Duration
လူတွေ့ ၂ ရက် + Online ၃ ပတ် + Final Portfolio Day ၁ ရက်
Format
လူတွေ့ ၂ ရက် (မနက် ၉:၀၀ – ညနေ ၅:၀၀) — MVP ကို Live တင်ပြီးသား → ၃ ပတ် ကိုယ်တိုင် တိုးချဲ့ + ညဘက် Online Class (ည ၇:၀၀ – ၉:၀၀) → Final Portfolio Day (လူတွေ့ ၁ ရက်) — Demo · Certificate · Celebration

ဒီ Course က ဘယ်သူ့အတွက်လဲ

သင့်တော်သူများ

  • ✓လက်နဲ့ ထပ်ခါထပ်ခါ လုပ်နေရတဲ့ အလုပ် ရှိတဲ့ လုပ်ငန်းရှင် / မန်နေဂျာ
  • ✓Excel၊ Google Form၊ Messenger တွေနဲ့ ပြန့်ကျဲနေတဲ့ လုပ်ငန်းကို System တစ်ခုတည်း ထဲ စုချင်သူ
  • ✓ကိုယ့် Data ကို ကိုယ်ပိုင်ထားချင်သူ (တခြားသူ့ Software မှာ မမှီခိုချင်သူ)
  • ✓AI ကို နေ့စဉ် သုံးနေသူ — Better Version Myanmar သင်တန်းသားဟောင်းဆို ပိုအဆင်ပြေ (အထူးဈေး ရ)
  • ✓တစ်နေ့ကို ၁ နာရီလောက် ပုံမှန် အချိန်ပေးနိုင်သူ

လုပ်ငန်းအမျိုးအစားအလိုက် ဘာ System ဆောက်နိုင်လဲ

ERP ပုံစံ — ကိုယ့်လုပ်ငန်းနဲ့ ကိုက်တဲ့ Function တွေကို ရွေးပြီး ဆောက်ရမယ်။ သင်တန်းမှာ အရေးအကြီးဆုံး တစ်ခုက စပါမယ်။ နမူနာများ —

🧩 လုပ်ငန်းတိုင်း လိုတဲ့ အခြေခံ

Customer စာရင်း (CRM)၊ အရောင်းနဲ့ Invoice၊ ငွေဝင်ငွေထွက်၊ ဝန်ထမ်းအလိုက် ဝင်ခွင့် (Role)၊ Dashboard နဲ့ Report၊ ဖုန်းကို အသိပေးချက်။

🛍️ Retail / Online Shop

ကုန်ပစ္စည်း Stock အဝင်အထွက်၊ အရောင်းဘောင်ချာ၊ Customer အကြွေးစာရင်း၊ နေ့စဉ် အရောင်းနဲ့ အမြတ် Report၊ Stock နည်းရင် အသိပေး။

🏗️ Construction / Decoration

Project အလိုက် Quotation၊ ပစ္စည်းနဲ့ လုပ်အားစရိတ် (BOQ)၊ အဆင့်လိုက် ငွေတောင်းခံ၊ Site တိုးတက်မှု ဓာတ်ပုံမှတ်တမ်း၊ Subcontractor ငွေပေးချေ၊ Project အမြတ်အရှုံး။

💼 Service (Clinic · Salon · Agency)

Booking / Appointment၊ Customer မှတ်တမ်း၊ Package နဲ့ Invoice၊ ဝန်ထမ်း အလုပ်ခွဲဝေ၊ Follow-up သတိပေးချက်။

🎓 Training / Education

စာရင်းသွင်းဖောင်၊ Batch စီမံ၊ ငွေလွှဲပြေစာ လက်ခံ၊ တက်ရောက်မှု၊ Certificate ထုတ်ပေးခြင်း — BVM System လိုမျိုး။

✈️ Travel / Tour

Inquiry ကနေ Quotation၊ Booking၊ Supplier ငွေပေးချေ၊ ခရီးစဉ်အလိုက် အမြတ် — Pro Niti ERP လိုမျိုး။

🚚 Distribution / Wholesale

Order လက်ခံ၊ ပို့ဆောင်မှု ခြေရာခံ၊ Sales ဝန်ထမ်းအလိုက် အရောင်း၊ အကြွေးသိမ်း၊ ဂိုဒေါင် Stock။

🍽️ Restaurant / F&B

Menu နဲ့ ကုန်ကြမ်းစရိတ်၊ နေ့စဉ် အရောင်း၊ ဝယ်ယူမှု စာရင်း၊ ဝန်ထမ်း Shift။

🏭 Manufacturing

ကုန်ကြမ်း စာရင်း၊ ထုတ်လုပ်မှု Order၊ ကုန်ချော Stock၊ တစ်ခုချင်း ထုတ်လုပ်စရိတ်။

ဘာတွေ ရရှိမလဲ

🎯 ရလဒ် — ကိုယ်မရှိလည်း လည်ပတ်နေတဲ့ လုပ်ငန်း

အရောင်း၊ ငွေဝင်ငွေထွက်၊ Customer၊ ဝန်ထမ်းအလုပ် — အားလုံး System တစ်ခုတည်းထဲမှာ။ မနက်တိုင်း ဖုန်းထဲ Report ရောက်နေမယ်။ ခရီးထွက်နေလည်း လုပ်ငန်း ဘယ်လိုရှိလဲ တစ်ချက်ကြည့်ရုံနဲ့ သိရမယ်။

✅ သေချာမှု — ဆရာကိုယ်တိုင် ဒီနည်းနဲ့ ဆောက်ထားပြီးသား

BVM System (ဒီ Website + Admin + Online Learning + Sales Agent)၊ Pro Niti ERP နဲ့ E-book Sales စနစ် — Code မတတ်ဘဲ AI ကို ခိုင်းပြီး ဆောက်ထားတာပါ။ လူ ၂၅ ယောက်သာ လက်ခံလို့ တစ်ဦးချင်း ကူညီနိုင်ပြီး၊ မဆောက်နိုင်ရင် ၁၀၀% ပြန်အမ်းပါတယ်။

⚡ မြန်မြန် — ၂ ရက်မှာ MVP Live

လနဲ့ချီ စောင့်စရာ မလိုပါ။ ပထမ လူတွေ့ ၂ ရက်အပြီးမှာ ကိုယ့် Domain ပေါ်မှာ အလုပ်လုပ်နေတဲ့ MVP ရှိပြီ။ ကျန် ၃ ပတ်မှာ ကိုယ့်လုပ်ငန်းလိုသလို တိုးချဲ့ရုံပါပဲ။

🪶 လွယ်လွယ် — Code မရေးရ၊ တစ်နေ့ ၁ နာရီ

Code ကို AI က ရေးပါတယ်။ သင်က ဘာလိုချင်လဲ ပြောပြီး ရလဒ်ကို စစ်ရုံပါ။ နမူနာ ဖိုင်တွေ၊ Checklist တွေ အသင့်ပေးထားပြီး အပတ်စဉ် မေးမြန်းချိန် ရှိပါတယ်။

💸 ငွေယိုတာ ပိတ်မယ်

မမှတ်မိတဲ့ အရောင်း၊ မတောင်းဖြစ်တဲ့ အကြွေး၊ ဈေးမှားပြောတာ — လကုန်မှ မဟုတ်ဘဲ ဖြစ်တဲ့နေ့မှာပဲ ဖုန်းကို အသိပေးမယ်။

👥 လူအပေါ် မမှီခိုတော့ဘူး

ဝန်ထမ်းတစ်ယောက် ထွက်သွားလည်း စာရင်းနဲ့ လုပ်ငန်းစဉ်က System ထဲမှာ ကျန်ခဲ့မယ်။ ဝန်ထမ်းသစ်က ပထမနေ့ကတည်းက လိုက်လုပ်နိုင်မယ်။

🔓 ကိုယ်ပိုင် — လစဉ်ကြေး၊ Developer မမှီခို

User တစ်ယောက်ချင်း လစဉ်ကြေးပေးရတဲ့ Software မဟုတ်၊ Developer ကို စောင့်ရတာ မဟုတ်။ System ရော Data ပါ ကိုယ်ပိုင် — ပြင်ချင်တဲ့နေ့ ကိုယ်တိုင် ပြင်နိုင်တယ်။

🏆 "ဒီ System ကို ကျွန်တော်ကိုယ်တိုင် ဆောက်ထားတာ"

Final Portfolio Day မှာ လုပ်ငန်းရှင် ၂၅ ယောက်ရှေ့ ကိုယ့် System ကို Demo ပြပြီး Certificate ယူမယ်။ ပြိုင်ဘက်တွေ Excel နဲ့ ရုန်းနေချိန် ကိုယ်က System နဲ့ ပြေးနေပြီ။

💬 Real Results

တက်ရောက်ခဲ့သူများ ပြောကြားချက်

5.0
★★★★★
Review ၃ ခု · အားလုံး ၅ ကြယ်
★★★★★
AI သင်တန်းမှတစ်ဆင့် Artificial Intelligence ၏ အခြေခံသဘောတရားများ၊ ChatGPT အသုံးပြုပုံနှင့် လုပ်ငန်းခွင်တွင် အသုံးချနိုင်သော နည်းလမ်းများကို လေ့လာသိရှိခဲ့ပါသည်။ သင်တန်းအကြောင်းအရာများကို လက်တွေ့လေ့ကျင့်ခန်းများဖြင့် ရှင်းလင်းစွာ သင်ကြားပေးသဖြင့် နားလည်ရလွယ်ကူပါသည်။ အခု review ကိုလဲ AI ကိုရေးခိုင်းထားတာပါ
ခိုင်ဆု
Rio Commodity
★★★★★
AI နဲ့ပတ်သတ်ပြီး မသိသေးတာတွေကိုအများကြီးလေ့လာခဲ့ရပြီးကောင်းကျိုးတွေအများကြီးရရှိခဲ့ပါသည်။လက်တွေ့အသုံးချလေ့လာခွင့်ရခဲ့ပါသည်။
Thame Hmwei Thwe
Rio Commodity Co;Ltd
★★★★★
AI နဲ့ပတ်သတ်တဲ့ knowledge တွေကို ပိုမိုပြီးသိရှိလာပါတယ်။
Hnin Ei Ei Khin
Rio Commodity Co., Ltd

Course Outline

လူတွေ့ Day 1 (၉:၀၀ – ၅:၀၀) — အခြေခံ + Account Set-up
  • –AI Model နဲ့ Coding Agent တွေ ဘယ်လို အလုပ်လုပ်လဲ
  • –Context Engineering — Spec၊ Skill၊ Subagent
  • –Development Workflow — Code သိမ်းဆည်းမှု၊ Test၊ Build
  • –Frontend · Backend · Database ဆိုတာ ဘာလဲ (Code မတတ်သူ သိသင့်သလောက်)
  • –Account Set-up — AI Coding Tool · Code သိမ်းဆည်းမှု · Hosting · Database
လူတွေ့ Day 2 (၉:၀၀ – ၅:၀၀) — Project ရွေး → MVP ကို Live တင်
  • –ကိုယ့်လုပ်ငန်းအတွက် Project ရွေးနည်း — အချိန်အကုန်ဆုံး / ငွေအယိုဆုံး တစ်ခုတည်း
  • –Spec ရေးပြီး AI ကို စတင် ဆောက်ခိုင်းခြင်း
  • –Database ဇယားတွေ ရေးဆွဲခြင်း (Customer · Order · ငွေစာရင်း)
  • –★ MVP ကို Staging (စမ်းသပ်ကွင်း) ရော Production (တကယ့်ကွင်း) ပါ တင်ခြင်း
  • –ဒီနေ့အပြီး — ကိုယ့် Domain ပေါ်မှာ အလုပ်လုပ်နေတဲ့ MVP ရှိပြီ
Online အပတ် ၁ (ည ၇:၀၀ – ၉:၀၀) — ကိုယ်တိုင် တိုးချဲ့ + စစ်တတ်ခြင်း
  • –MVP ပေါ်မှာ ကိုယ့်လုပ်ငန်းလိုတဲ့ Function အသစ်တွေ ထပ်ဆောက်ခြင်း
  • –ကိုယ်တိုင် Customer ဖြစ်ကြည့်ပြီး အစအဆုံး စစ်ခြင်း
  • –Website ပြတာနဲ့ Database ထဲက အမှန် တိုက်စစ်ခြင်း
  • –အပတ်စဉ် မေးမြန်းချိန် (Q&A)
Online အပတ် ၂ (ည ၇:၀၀ – ၉:၀၀) — Skill · Subagent · MCP နဲ့ အရှိန်မြှင့်
  • –Skill နဲ့ Subagent ဖန်တီး အသုံးပြုခြင်း
  • –MCP နဲ့ တခြား System တွေ ချိတ်ဆက်ခြင်း
  • –Customer ဝင်တာနဲ့ ဖုန်းကို အသိပေး၊ Email အလိုအလျောက်
  • –အပတ်စဉ် မေးမြန်းချိန် (Q&A)
Online အပတ် ၃ (ည ၇:၀၀ – ၉:၀၀) — Security · Deployment · ထိန်းသိမ်းခြင်း
  • –Security ပိုင်း သိမှတ်ဖွယ်ရာများ — Data နဲ့ ဝင်ခွင့် (Role)
  • –Deployment ပိုင်း သိမှတ်ဖွယ်ရာများ — မှားရင် နောက်ပြန်လှည့်နည်း
  • –နေ့စဉ် အလိုအလျောက် စစ်ဆေးမှုနဲ့ Error အသိပေးချက်
  • –ဝန်ထမ်းတွေ သုံးတတ်အောင် လွှဲပြောင်းခြင်း + Demo ပြင်ဆင်ခြင်း
Final Portfolio Day (လူတွေ့ ၁ ရက်) — Demo · Certificate · Celebration
  • –ကိုယ့် System ကို အဆုံးသတ်ခြင်း
  • –တစ်ယောက်ချင်းစီ Demo ပြသ မျှဝေခြင်း
  • –Certificate ပေးအပ်ပွဲ
  • –အတူတူ ဂုဏ်ပြုပွဲ (Celebration)

🎁 Bonuses

  • 🎁လူတွေ့ ၂ ရက် Build Intensive — ကိုယ့် MVP ကို Live တင်ပြီးမှ ပြန်ရမယ်
  • 🎁၃ ပတ် အပတ်စဉ် Online Class + မေးမြန်းချိန် (ည ၇:၀၀ – ၉:၀၀)
  • 🎁Final Portfolio Day — Demo · Certificate · Celebration
  • 🎁ကျွန်တော်တို့ တကယ်သုံးနေတဲ့ Context ဖိုင်နဲ့ Checklist နမူနာများ — ကူးယူ သုံးရုံ
  • 🎁တကယ်ဖြစ်ခဲ့တဲ့ Bug မှတ်တမ်း အပြည့်အစုံ — သူများမှားပြီးသားကို ထပ်မမှားရအောင်
  • 🎁နေ့စဉ် စစ်ဆေးမှု စနစ် နမူနာ Code
  • 🎁သင်တန်းပြီးလည်း ၃ လ Viber Group ဝင်ခွင့်

မကြာမီ ဖွင့်မည်

ထိုင်ခုံ ကြိုမှာယူထားနိုင်ပါပြီ

ရက်စွဲ မကြာမီ ကြေညာပါမယ်။ ထိုင်ခုံ ၂၅ ခုသာ ရှိမှာဖြစ်လို့ ကြိုမှာထားသူများကို ဦးစားပေးပါမယ် — ဖွင့်တာနဲ့ ပထမဆုံး အသိပေးပါမယ်။ ငွေပေးစရာ မလိုသေးပါ။

🎟️ ထိုင်ခုံ ကြိုမှာယူရန်

ထိုင်ခုံ ၂၅ ခုသာ ရှိပါမယ် — ကြိုမှာထားသူများကို ဦးစားပေးပါမယ်။ ငွေပေးစရာ မလိုသေးပါ။

🎟️ ထိုင်ခုံ ကြိုမှာမည် →

၁ မိနစ် — ငွေပေးစရာ မလိုပါ။ ဖွင့်တာနဲ့ ပထမဆုံး အသိပေးပါမယ်

ဘာမှ ကြိုပြင်စရာ မလိုပါ

💵 ဖြစ်နိုင်တဲ့ ကုန်ကျစရိတ် (ခန့်မှန်း — သင်တန်းကြေးထဲ မပါပါ) • AI Coding Tool — တစ်လ USD 20 ဝန်းကျင် • Hosting (Website တင်ရန်) — အခမဲ့နဲ့ စလို့ရ၊ တကယ်သုံးရင် တစ်လ USD 20 ဝန်းကျင် • Database — အခမဲ့နဲ့ စလို့ရ၊ တကယ်သုံးရင် တစ်လ USD 25 ဝန်းကျင် • Domain — တစ်နှစ် USD 10–15 ဝန်းကျင် စစချင်း တစ်လ USD 20–40 လောက်နဲ့ လည်ပတ်နိုင်ပါတယ်။ ဈေးနှုန်းတွေက ဝန်ဆောင်မှုပေးသူအလိုက် ပြောင်းနိုင်ပါတယ် — ဘယ်အချိန် ပေးရမလဲ သင်တန်းမှာ အသေးစိတ် ရှင်းပြပါမယ်။

လိုအပ်ချက်များ

  • •AI ကို နေ့စဉ် သုံးတတ်ရမယ် (Better Version Myanmar သင်တန်း တက်ဖူးသူဆို ပိုအဆင်ပြေ)
  • •Laptop တစ်လုံး (Windows / Mac ရ)
  • •အင်တာနက် လိုင်း ကောင်းကောင်း
  • •တစ်နေ့ကို ၁ နာရီလောက် အချိန်ပေးနိုင်ရမယ်

မေးလေ့ရှိသော မေးခွန်းများ

သင်တန်းကြေး ဘယ်လောက်လဲ?+

၃,၀၀၀,၀၀၀ ကျပ် (သိန်း ၃၀) ပါ။ Better Version Myanmar သင်တန်းသားဟောင်းများအတွက် ၂,၀၀၀,၀၀၀ ကျပ် (သိန်း ၂၀) ပါ။ AI Tool၊ Hosting စတဲ့ လစဉ် ကုန်ကျစရိတ်တွေ မပါပါ။

Code လုံးဝ မတတ်ဘူး — လိုက်နိုင်ပါ့မလား?+

လိုက်နိုင်ပါတယ်။ ဒီသင်တန်းက Code ရေးနည်း သင်တာ မဟုတ်ပါ — AI ကို ဘယ်လို ခိုင်းရမလဲ၊ ဆောက်ပြီးတာ ဘယ်လို စစ်ရမလဲ သင်တာပါ။ ဆရာကိုယ်တိုင်လည်း Code မတတ်ဘဲ BVM System၊ Pro Niti ERP နဲ့ E-book Sales စနစ် ကို ဒီနည်းနဲ့ ဆောက်ခဲ့တာပါ။

သင်ကြားပုံ ဘယ်လိုလဲ၊ ဘယ်လောက် ကြာမလဲ?+

ပထမ လူတွေ့ ၂ ရက် (မနက် ၉:၀၀ – ညနေ ၅:၀၀) မှာ အခြေခံ၊ Account Set-up နဲ့ ကိုယ့် Project ရဲ့ MVP ကို Staging ရော Production ပါ တင်ပြီးသား ဖြစ်အောင် လုပ်ပါမယ်။ ပြီးရင် ၃ ပတ်အတွင်း ကိုယ်တိုင် ဆက်တိုးချဲ့ပြီး ညဘက် Online Class (ည ၇:၀၀ – ၉:၀၀) မှာ အပတ်စဉ် မေးမြန်းနိုင်ပါတယ်။ နောက်ဆုံး Final Portfolio Day (လူတွေ့ ၁ ရက်) မှာ Demo ပြ၊ Certificate ယူပြီး အတူတူ ဂုဏ်ပြုကြပါမယ်။ ကြားကာလမှာ တစ်နေ့ကို ၁ နာရီလောက် အချိန်ပေးနိုင်ရပါမယ်။

ဘာ System ဆောက်ရမှာလဲ?+

ကိုယ့်လုပ်ငန်းရဲ့ တကယ့်ပြဿနာ တစ်ခုကို ရွေးပြီး အဲဒါအတွက် ဆောက်ရမှာပါ — ဒုတိယနေ့မှာ အတူတူ ရွေးပေးပါမယ်။ Retail ဆို Stock နဲ့ အရောင်း၊ Construction ဆို Quotation နဲ့ Project စရိတ်၊ Service ဆို Booking နဲ့ Customer မှတ်တမ်း — ကိုယ့်လုပ်ငန်းနဲ့ ကိုက်တာ ရပါတယ်။

AI Agent Launchpad နဲ့ ဘာကွာလဲ?+

Launchpad မှာ AI Agent (Facebook Sales Agent၊ Assistant) တွေ ဆောက်ပါတယ်။ Business System Builder မှာတော့ Website၊ Database၊ Admin စာမျက်နှာ ပါတဲ့ ကိုယ်ပိုင် System တစ်ခုလုံးကို ဆောက်ပါတယ် — ကိုယ့် Domain၊ ကိုယ့် Data နဲ့ပါ။

ကုန်ကျစရိတ် ထပ်ရှိလား?+

ရှိပါတယ် (ခန့်မှန်း) — AI Coding Tool တစ်လ USD 20 ဝန်းကျင်၊ Hosting နဲ့ Database က အခမဲ့နဲ့ စလို့ရပြီး တကယ်သုံးရင် တစ်ခုကို တစ်လ USD 20–25 ဝန်းကျင်၊ Domain တစ်နှစ် USD 10–15 ပါ။ စစချင်း တစ်လ USD 20–40 လောက်နဲ့ လည်ပတ်နိုင်ပါတယ်။

ဘယ်တော့ ဖွင့်မလဲ?+

ရက်စွဲ အတိအကျ မသတ်မှတ်ရသေးပါ။ ထိုင်ခုံ ၂၅ ခုသာ ရှိမှာဖြစ်လို့ အခုကတည်းက ကြိုမှာထားနိုင်ပါတယ် — ငွေပေးစရာ မလိုပါ။ ဖွင့်တာနဲ့ ကြိုမှာထားသူများကို ပထမဆုံး အသိပေးပြီး ဦးစားပေး နေရာချထားပါမယ်။

လူဘယ်လောက် လက်ခံမလဲ?+

၂၅ ယောက်သာ လက်ခံပါမယ်။ တစ်ယောက်ချင်းစီရဲ့ လုပ်ငန်း မတူလို့ တစ်ဦးချင်း ကူညီရမှာမို့ပါ။

🎟️ ထိုင်ခုံ ကြိုမှာယူရန်

ထိုင်ခုံ ၂၅ ခုသာ ရှိပါမယ် — ကြိုမှာထားသူများကို ဦးစားပေးပါမယ်။ ငွေပေးစရာ မလိုသေးပါ။

🎟️ ထိုင်ခုံ ကြိုမှာမည် →

၁ မိနစ် — ငွေပေးစရာ မလိုပါ။ ဖွင့်တာနဲ့ ပထမဆုံး အသိပေးပါမယ်

Facebook သုံးနေသူဆိုရင် Messenger ကနေလည်း မေးလို့ရပါတယ်

🛡️ အန္တရာယ် လုံးဝ မရှိပါ

သင်တန်း အစအဆုံး တက်ရောက်ပြီး ကိုယ့်လုပ်ငန်းအတွက် အလုပ်လုပ်တဲ့ System တစ်ခု မဆောက်နိုင်ခဲ့ရင် သင်တန်းကြေး ၁၀၀% ပြန်အမ်းပါတယ်။

V